By Si Thu
Online shopping was never a popular trend among most of Myanmar people; it was only popular among younger generations, since young adults make up more than half of the online shopping population in Myanmar.
However, during COVID-19 stay-at-home period, more and more people have started buying things online, mainly to avoid going outside. I have also heard about those volunteers in some cities in Myanmar who shop and deliver things to people houses upon their request.
Even my mother, who has always been resistant to the idea of internet and shopping online, has recently started ordering some Mohinga online (One of the most popular foods in Myanmar). Moreover, she has now started haunting for some good home decor and ordering whichever she likes online.
Elderly people, who never owned a Smartphone or used internet before, believe it or not, are now using them and spending most of their time on various social media platforms, such as Facebook. Some people are now running their own online stores and selling their plants and homemade food, as they now have plenty of free time to do so.
Myanmar now has less than 200 infections, but recently more imported cases have been discovered, and concerns about a second wave of infections have been growing.
Meanwhile, China reported no new locally transmitted cases of coronavirus, but marked a spike in new cases from overseas, as the number of imported cases tops 1700. Of the total imported cases, over 1600 patients have already been discharged from hospital and only about 45 patients are still hospitalized.
Although coronavirus is highly transmissible, but you still shouldn’t worry too much if you are in a good health and eating healthily. Lastly, I would like to remind you stay home as much as you can and use your online time effectively.
မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ စျေးဝယ်တဲ့စနစ်က အရမ်းကြီး လူသိမများသေးဘူးလို့ ပြောလို့ရပါတယ်။ လူငယ်ပိုင်းအများစုပဲ အွန်လိုင်းကနေ လိုချင်တဲ့ပစ္စည်းလေးတွေ ၀ယ်ကြ၊ မှာကြတာမျိုး ရှိပါသေးတယ်။
ဒါပေမယ့် COVID-19 ကာလ အပြင်သိပ်မထွက်ဖြစ်ဘဲ အိမ်တွင်းမှာပဲ အောင်းနေကြရတဲ့အခါမှာ လူအများစုက အွန်လိုင်းပေါ်မှာပဲ အချိန်ကုန်ရင်း အွန်လိုင်းရှော့ပင်းတွေကနေ စမ်းမှာကြည့်ကြတာ ပိုများလာတယ်လို့ သိရပါတယ်။ တချို့မြို့တွေမှာဆိုလည်း မှာတဲ့ပစ္စည်းတွေ လိုက်ဝယ်ပေးပြီး အိမ်တိုင်ရာရောက် အခမဲ့ ပို့ဆောင်ပေးကြတဲ့ စေတနာ့ဝန်ထမ်းအဖွဲ့တွေလည်း ရှိတယ်လို့သိရပါတယ်။
အွန်လိုင်းရှော့ပင်းနဲ့ အလှမ်းဝေးတဲ့ အိမ်ကအမေတောင်မှ ဟိုရက်က အွန်လိုင်းကနေ မုန့်ဟင်းခါးမှာစားနေပါသေးတယ်။ နောက်ပြီး အိမ်တွင်းအလှဆင်တဲ့ပစ္စည်းတွေကိုလည်း အွန်လိုင်းကနေကြည့်ပြီး မှာဝယ်နေပြန်ပါတယ်။
အရင်ကဆို နည်းပညာနဲ့ဝေးပြီး ဖုန်း၊ အင်တာနက် သိပ်မသုံးဖြစ်တဲ့သူတွေတောင် အခုအခါမှာ အိမ်တွင်းမှာနေရင်း အချိန်ပိုရလာတဲ့အတွက် ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေပေါ်မှာ ပိုပြီးအချိန်ဖြုန်းလာကြပါတယ်လို့ ပြောလို့ရပါတယ်။ တချို့ဆိုလည်း အရင်က အွန်လိုင်းရှော့ပင်းမလုပ်ဖူးပေမယ့် အခုအခါမှာ ကိုယ်တတ်တဲ့ ပညာတွေနဲ့ အပင်တွေစိုက်၊ အစားအသောက်တွေလုပ်ရင်း အွန်လိုင်းကနေ စပြီးရောင်းချနေကြတာလည်း တွေ့လာရပါတယ်။
အခုဆို မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေက ၂၀၀ အောက်ပဲရှိပါသေးပါတယ်။ ဒါပေမယ့် ပြည်ပက ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ ဗိုင်းရပ်စ်ပိုးပါလာသူတွေ ရှိနေတာမို့ ဒုတိယလှိုင်းအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အရေအတွက်ပိုများလာမှာကို စိုးရိမ်မိပါတယ်။
တရုတ်နိုင်ငံမှာဆိုရင်လည်း ပြည်တွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ မတွေ့ရတော့ဘူးဆိုပေမယ့် ပြည်ပကဝင်ရောက်လာသူတွေထဲမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူအရေအတွက်ဟာ ၁၇၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲမှာ ရောဂါသက်သာလို့ ဆေးရုံကပြန်ဆင်းသွားသူအရေအတွက်ဟာ ၁၆၀၀ ကျော်ရှိပြီး ဆေးရုံမှာ ကျန်ရှိတဲ့လူနာအရေအတွက်ဟာ ၄၅ ဦးလောက်ပဲရှိတော့တယ်လို့ သိရပါတယ်။
ကိုဗစ်ဟာ ကူးစက်လွယ်တဲ့ရောဂါဖြစ်ပေမယ့် ကိုယ်ခံအားကောင်းနေမယ်ဆိုရင်တော့ ကူးစက်ခံရရင်တောင် ပြန်လည်သက်သာနိုင်တာမို့ အရမ်းကြီးမထိတ်လန့်ကြပဲ အာဟာရဖြစ်အောင် စားပြီး ကျန်းမာအောင်နေကြဖို့၊ အွန်လိုင်းကို အကျိုးရှိရှိအသုံးချရင်း တတ်နိုင်သလောက် အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းရင်းနဲ့ နိဂုံးချုပ်ပါရစေခင်ဗျား။