By Si Thu
I stayed in Beijing until the end of February, as the COVID-19 outbreak raged in China. At the beginning, I didn’t think that the virus would spread from Wuhan to Beijing. That’s why I didn’t wear a facemask while other people had their facemasks on. (in my defense, most people around me at that time didn’t wear facemasks either)
By the time I went to the Apple store in Beijing, I realized that all the Apple store employees were wearing facemasks. After I bought a computer, the one of the staff said thanks and asked if he could give me an advice. When I replied “Yes”, he suggested me to wear a facemask whenever I go out because of the coronavirus. From that time on, I started wearing facemasks every time I go outside. Later I noticed that most people I saw on street are also wearing facemasks. I’ve also noticed that if someone was walking without a facemask on, people would give him/her a strange look.
Now there are more than 100 COVID-19 positive cases in Myanmar. Authorities in Myanmar are now trying their best with the staff and equipment they have. Moreover, many volunteers and charitable groups are also taking part. Both state owned media and private media are now sharing public awareness about COVID-19 including how to properly wear facemasks and wash hands on their social media platforms and TV channels.
But I’m afraid that more cases might occur in Myanmar because many people are still going outside without facemasks or gloves and local markets are still crowded. I would like to kindly suggest you to start wearing facemasks and gloves, there’s nothing embarrassing about that. If you got infected, your family would be the first at risk. I hope you are staying safe and healthy during this difficult time.
COVID-19 ကာလမှာ ဖေဖော်ဝါရီလကုန်အထိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကျွန်တော်နေခဲ့ဖူးပါတယ်။ ၀ူဟန်မြို့မှာ ဗိုင်းရပ်စ်တွေ စပြီးပြန့်နှ့ံခါစက ဘေဂျင်းအထိ ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး။ ဒါကြောင့် အပြင်ထွက်တဲ့အချိန် သူများတွေ နှာခေါင်းစည်းတပ်နေချိန်မှာ ကျွန်တော်မတပ်ဖြစ်ခဲ့ပါဘူး။ (ကျွန်တော့်ပတ်ဝန်းကျင်က လူတော်တော်များများလည်း နှာခေါင်းစည်းတွေ မတပ်ကြသေးပါဘူး။)
အဲဒီတုန်းက ဘေဂျင်းက Apple showroom မှာ ကွန်ပျူတာတစ်လုံးသွားဝယ်တော့ apple ၀န်ထမ်းတွေအကုန်လုံး နှာခေါင်းစည်းတွေ တပ်ထားကြတာကို တွေ့ရပါတယ်။ ကွန်ပျူတာဝယ်ပြီးတဲ့အချိန်မှာ ကျွန်တော့်ကို ရောင်းပေးတဲ့ဆိုင်ဝန်ထမ်းက ကွန်ပျူတာလာဝယ်တဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ နောက်ဆုံးတစ်ခုအနေနဲ့ အကြံပေးချင်တဲ့အကြောင်း ပြောပါတယ်။ ကျွန်တော်ကလည်း ဟုတ်ကဲ့ ပြောပါဆိုတော့ အခုအချိန် ဗိုင်းရပ်စ်တွေ ပြန့်နှံ့နေပြီဖြစ်လို့ နှာခေါင်းစည်းတပ်ဖို့ အကြံပေးပါတယ်တဲ့။ အဲဒီအချိန်ကစပြီး ကျွန်တော်လည်း အပြင်သွားတိုင်း နှာခေါင်းစည်း တပ်သွားဖြစ်ပါတယ်။ နောက်ပိုင်းတော့ လူတိုင်း နှာခေါင်းစည်းတွေ တပ်လာကြပြီး နှာခေါင်းစည်းမတပ်သူတွေကိုမြင်ရင် ဘယ်လိုကြီးလဲဆိုတဲ့ အကြည့်မျိုးတွေနဲ့ကြည့်လာကြတာကို သတိထားမိပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် မကြာသေးခင်ကစလို့ ပြည်ပက ပြန်လာသူတွေကနေတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်သူတွေပါလာပြီး ထပ်ဆင့်ကူးစက်ခံရမှုတွေကြောင့် အခုအခါမှာ ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ တာဝန်ရှိသူများကလည်း ရှိနေတဲ့ ၀န်ထမ်းအင်အား၊ ပစ္စည်းကိရိယာတွေနဲ့ အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးနေကြသလို ပရဟိတအသင်းအဖွဲ့တွေနဲ့ စေတနာ့ဝန်ထမ်းတွေကလည်း တစ်တပ်တအား ၀ိုင်းဝန်းအားဖြည့်ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အစိုးရပိုင်သတင်းဌာနတွေကရော၊ ပုဂ္ဂလိက မီဒီယာတွေကပါ နှာခေါင်းစည်းတွေတပ်ဖို့အပြင်၊ နှာခေါင်းစည်းတပ်ပုံတပ်နည်းတွေ၊ လက်ဆေးပုံလက်ဆေးနည်းတွေနဲ့ COVID-19 နဲ့ပတ်သက်လို့ ပညာပေးတွေလည်း နေ့တိုင်း တင်ဆက်ပေးလျက်ရှိပါတယ်။
ဒါပေမယ့် အပြင်ထွက်တဲ့အခါ နှာခေါင်းစည်းမတပ်သူတွေ အများအပြားရှိနေဆဲဖြစ်ပြီး စျေးတွေမှာဆိုရင်လည်း လူတွေ တိုးဝှေ့ပြီး စျေးဝယ်နေတာကို မြင်ရတဲ့အတွက် ကူးစက်သူတွေ ပိုများလာမှာကို စိုးရိမ်မိတာ အမှန်ပါပဲ။ နှာခေါင်းစည်းတပ်တာ၊ လက်အိတ်စွပ်တာဟာ ရှက်စရာမဟုတ်ဘဲ နှာခေါင်းစည်း မတပ်၊ လက်အိပ်မစွပ်ထားတာကသာ ရောဂါကူးစက်ဖို့ အခွင့်အလမ်းပိုများပြီး မိမိတို့ မိသားစုအတွက်လည်း အရင်ဆုံးအန္တရာယ်ရှိနိုင်တယ်ဆိုတာကို သတိပြုမိကြဖို့ တိုက်တွန်းလိုပါတယ်ခင်ဗျာ။
It looks like Myamar doesn’t have any risk of disease, the army fired some bombs over to the neighboring Yunan province of China
LikeLike