Si Thu: Stay With the Chinese During this Difficult Time | Living Here

Si Thu Tun


When I first read the news about the Coronavirus Virus at the end of 2019, I thought that it was too far away from me. Previously, we often heard the news about H1N1 or H5N1. However, we’ve never seen anyone who is terrified of them and no one was really taking it seriously back then. That’s why, many people including myself didn’t think that coronavirus would spread that far.

It was Chinese New Year holiday when the wide-ranging warning about the virus was launched, and passenger screening started at the airports and subway stations. This is my third year of working in Beijing. We were supposed to go back to the office on January 31. But so far, officials in the office have allowed staff to work from home to prevent the spread of the virus.

At the beginning, I was a little bit scared as I see everyone wearing masks everywhere and the number of commuters has decreased dramatically. As for meat at the shops nearby, it was out of stock within few days, I bought eggs, drinking water and rice just in case I couldn’t buy later. Although I was worried about not having enough food at the nearby shops, I could still buy anything I want. So, I felt so comfortable.

Food stores and restaurants are still opened. Even during this situation, there are no shopkeepers who raise prices of their stocks. I have recently read that some stores that raised the price of masks were fined and shut down by the Beijing municipal government.

Now at my community, only one small gate door is opened that can entered by one person at time. The elderly people in the community takes turn at the gate to help people check in and out as well as body temperature using digital thermometers. Everyone in the community has been given safety measures and health alerts. Strangers will no longer be allowed to enter. In the past, food delivery men sent packages to the doorstep. But at the moment, we have to pick up what we ordered at the gate.

For me, I usually go for a walk to the nearby shops or shopping mall to buy water or food almost every evening. Upon the entry, the guards measure the body temperature using a digital thermometer. I feel really safe and sound as each community is working on preventing the spread using all the necessary measurements.

As for our office, a senior officer at the office created a WeChat group specially to ask about our health and well-being daily. As other related officers and friends at the office share latest news update and necessary information about the virus, I feel like I am being taken care of more than ever.

At the entrance of the subway stations, staff are checking body temperatures. Shopping malls are still open normally. Many shops inside shopping malls are still open. We can still order food online. Except for seeing less crowds than before due to the fair of virus infection, everything runs normally.

Chinese famous celebrities and people from outside China are now supporting people from Wuhan by creating videos or composing songs for them. Those videos can now be seen online. Although Wuhan, which hosts over 11 million people, is the city where the virus started spreading, not all people are infected. Although the city has been locked down for their safety, I’ve a lot of sympathy for them and I can feel their depression.

Very recently, I read the news about Chinese Premiere Li Keqiang’s visit to Wuhan. I’m sure that his visit will be a big encouragement for people in Wuhan.

As for me, although China is not my birthplace, I feel like it’s my second home. I am now praying for China to overcome this situation very soon.

Stay strong Wuhan, stay strong China!

Burmese version:

၂၀၁၉ နှစ်ကုန်ပိုင်းလောက်က ကော်ရိုနာဗိုင်းရပ်စ်ဆိုပြီး သတင်းတွေထဲမှာ စဖတ်ရတုန်းက ကိုယ်နဲ့အဝေးကြီးလိုပဲ စိတ်ထဲက ထင်ထားမိခဲ့တယ်။ ပုံမှန်ဆိုလည်း အရင်က H1N1 တို့၊ H5N1 တို့ ဖြစ်တယ် ကြားနေတာပါပဲ။ ဒါပေမယ့် ကိုယ်နေတဲ့ဆီမှာ ဘာမှ အထိတ်တလန့်မဖြစ်လိုက်သလို၊ ဘယ်သူမှလည်း အဲဒီလောက် အရေးတယူမရှိကြတဲ့အတွက် ဒီတစ်ခေါက် ကော်ရိုနာဗိုင်းရပ်စ်ကိုလည်း ဒီလောက်အတိုင်းအတာအထိ ပြန့်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူး။

ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် သတိပေးချက်တွေထုတ်ပြန်ပြီး လေဆိပ်တွေနဲ့ ရထားဘူတာအဝင်တွေမှာ စပြီးစစ်ဆေးတဲ့အချိန်က တရုတ်မှာ နှစ်သစ်ကူးပွဲတော်ကာလမို့ ရုံးပိတ်ထားတဲ့အချိန်ပါ။ ကျနော်က ဘေဂျင်းမှာ အလုပ်လုပ်နေတာ ဒီနှစ်ဆို သုံးနှစ်မြောက် ရှိပါပြီ။ ပုံမှန်ဆို ဖေဖော်ဝါရီလ ၂ ရက်နေ့ ရုံးပြန်တက်ရမှာပါ။ ဒါပေမယ့် ဗိုင်းရပ်စ်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရုံးက တာဝန်ရှိသူတွေက ဝန်ထမ်းတွေကို အိမ်ကနေပဲ အလုပ်လုပ်ခွင့် ပေးထားတာ လက်ရှိအချိန်အထိပါပဲ။

အားလုံးက mask တွေ တပ်ထားကြပြီး လူအသွားအလာတွေလည်း နည်းကုန်တော့ အစပိုင်းမှာ စိတ်ထဲ စိုးရိမ်မိတာ အမှန်ပါပဲ။ အစပိုင်းမှာ အနားကဆိုင်တွေမှာ အသားတွေလည်း ပြတ်လပ်ကုန်ပါတယ်။ ကျွန်တော်ကတော့ နောက်ပိုင်း ဝယ်မရတော့မှာစိုးလို့ ဆန်၊ ကြက်ဥနဲ့ ရေသန့်တွေ ဝယ်စုထားဖြစ်ပါတယ်။ အစပိုင်းကတော့ အနားက ဆိုင်တွေမှာ အစားအသောက်တွေ ဝယ်မရမှာ စိုးရိမ်ပူပန်ခဲ့ပေမယ့် လက်ရှိအချိန်အထိ အရင်အတိုင်းပုံမှန် ဝယ်ချင်တာတွေ လိုသလောက် ဝယ်လို့ရနိုင်သေးတော့ စိတ်ထဲမှာ အေးရပါတယ်။ မုန့်ဆိုင်တွေ၊ စားသောက်ဆိုင်တွေလည်း အရင်လို ပုံမှန် ဖွင့်နေတုန်းပါပဲ။ ဒီလိုအခြေအနေဖြစ်လို့ ဆိုင်တွေမှာ ဈေးတွေ တင်ရောင်းတာမျိုးလည်း မရှိပါဘူး။ ဘေဂျင်းမှာ mask တွေကို ဈေးတင်ရောင်းတဲ့ဆိုင်တွေကို တရုတ်အစိုးရက ဒဏ်ရိုက်တာတို့၊ ပိတ်သိမ်းတာတို့ လုပ်တယ်ဆိုတာလည်း မကြာသေးခင်က ဖတ်လိုက်ရပါသေးတယ်။

အခုဆိုရင် ကျနော်နေတဲ့ အိမ်ရာဝင်းထဲမှာဆိုလည်း ဝင်းတံခါးကို လူတကိုယ်ဝင်စာလောက်ပဲ ဖွင့်ထားပြီး အဝင်အထွက်တွေမှာ ဝင်းထဲက အသက်ကြီးပိုင်းတွေက အလှည့်ကျတာဝန်ယူ စစ်ဆေးတာမျိုး၊ အပူချိန်တိုင်းပေးတာမျိုး လုပ်ပေးနေကြပါတယ်။ အခန်းတိုင်းမှာလည်း သတိပေးစာစောင်တွေ လိုက်ကပ်ထားပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ အသိပေးနှိုးဆော်ထားတာမျိုးလည်း ရှိပါတယ်။ လူစိမ်းဆိုရင် ဝင်ခွင့် မပေးတော့ပါဘူး။ အရင်ကဆိုရင် အစားအသောက်တို့၊ ပစ္စည်းတို့ ပို့တဲ့သူတွေက အခန်းဝအထိ လာပို့တတ်ပေမယ့် အခုအခြေအနေမှာတော့ ကျနော်တို့ ဝင်းကြီးရဲ့ ဂိတ်မှာပဲ လာပေးသွားကြပါတယ်။ ပြောမယ်ဆို လူစိမ်းဆိုရင် အစားအသောက်ပို့တဲ့သူတွေပါ ဝင်ခွင့်မပေးတော့တာပါ။

ကျနော်ကတော့ ပုံမှန် ညနေဘက်ဆို ဝင်းရဲ့အပြင်ဘက် အနီးအနားမှာရှိတဲ့ ရှော့ပင်းမောတို့ ဈေးဆိုင်တို့သွားပြီး ရေတို့၊ လိုအပ်တဲ့အစားအသောက်တို့ ထွက်ဝယ်ဖြစ်ပါတယ်။ ဝင်းထဲ ပြန်ဝင်ရင် အဝင်အဝမှာ စောင့်နေသူက အပူချိန်တိုင်းစက်လေးနဲ့ တိုင်းပေးတတ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရပ်ကွက်အလိုက်၊ အိမ်ရာဝင်းအလိုက် လုပ်နေကြတော့ စိတ်ထဲမှာ တော်တော်လေး လုံခြုံမှုရှိသလို ခံစားရပါတယ်။

ရုံးကဆိုရင်လည်း လူကြီးကိုယ်တိုင်က WeChat မှာ group ဖွဲ့ပြီး ဝန်ထမ်းတွေကို ကျန်းမာရေးအခြေအနေကောင်းမကောင်း နေ့တိုင်းမေးပေးပါတယ်။ ရုံးက တခြားတာဝန်ရှိသူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ သိသင့်တာတွေရော၊ နောက်ဆုံးရသတင်းအချက်အလက်တွေပါ ပို့ပေးကြတဲ့ စိတ်ထဲမှာ အရင်ကထက်တောင် ပိုဂရုစိုက်သလို ခံစားနေရတာ အမှန်ပါပဲ။

ရထားဘူတာတွေမှာဆိုလည်း အခုဆိုရင် လူတစ်ယောက်ချင်းစီကို အပူချိန်တိုင်းတာမျိုးတွေပါလုပ်နေပြီး သတ်မှတ်အပူချိန်ထက် မြင့်နေသူဆိုရင် ဘူတာထဲ ဝင်ခွင့် မပေးတော့ပါဘူး။ ရှော့ပင်းမောလ်တွေလည်း ပုံမှန်ဖွင့်နေသလို၊ ဆိုင်တော်တော်များများလည်း ဖွင့်နေကြတုန်းပါပဲ။ အွန်လိုင်းကနေဆိုလည်း အစားအသောက်တွေ မှာလို့ ရနေတုန်းပါပဲ။ ဗိုင်းရပ်စ်ကူးစက်မှာကြောက်လို့ လူထူထူရှိတဲ့နေရာတွေကို ရှောင်ကြတဲ့အတွက် အရင်လိုလူတွေမများတော့တာကလွဲရင် အားလုံးက လက်ရှိအချိန်အထိ ပုံမှန်လည်ပတ်နေတုန်းပါပဲ။

တရုတ်နိုင်ငံက နာမည်ကြီးပုဂ္ဂိုလ်တွေရော၊ နိုင်ငံရပ်ခြားကလူတွေကပါ ဝူဟန်ကလူတွေကို ဗီဒီယိုတွေတင်ပြီး၊ သီချင်းတွေစပ်ဆိုပြီး အားပေးနေကြတာတွေလည်း အွန်လိုင်းမှာ မြင်နေရပါတယ်။ ဝူဟန်မြို့ဟာ လူဦးရေ ၁၁ သန်းကျော်ရှိတဲ့ မြို့ကြီးပါ။ ဗိုင်းရပ်စ်ပိုးအဓိက စပြီးပြန့်ပွားတဲ့မြို့ဆိုပေမယ့် မြို့ထဲက လူတိုင်းကို ကူးစက်ခံရတာမျိုးတော့ မဟုတ်ပါဘူး။ လုံခြုံရေးအတွက် မြို့ကို ပိတ်ထားလိုက်ပေမယ့် ရောဂါမကူးစက်တဲ့လူတွေမှာတော့ အားငယ်စိတ်အနည်းနဲ့အများဆိုသလိုရှိမယ်ဆိုတာ ခံစားလို့ရပါတယ်။ မကြာသေးခင်က တရုတ်ဝန်ကြီးချုပ် လီကီကျန်းကိုယ်တိုင် ဝူဟန်မြို့ကို သွားလည်ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ခဲ့တဲ့သတင်းဟာလည်း ပြည်သူတွေကို စိတ်ခွန်အားတက်စေမှာ အမှန်ပါပဲ။ တရုတ်ဟာ ကိုယ့်ရဲ့ မွေးရပ်နိုင်ငံမဟုတ်ပေမယ့် ကိုယ့်ရဲ့ဒုတိယအိမ်လိုဖြစ်နေတော့ ဒီရောဂါဆိုးကြီးကို မြန်မြန်ကျော်လွှားနိုင်ဖို့ စိတ်ထဲမှာ ဆုတောင်းနေမိပါတယ်ခင်ဗျား။


Copyedited by Wafaa Ezzat, Wang Hai
Layout by Wang Hai

One comment

Leave a Reply

Fill in your details below or click an icon to log in: Logo

You are commenting using your account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s