Are Vocational Schools Important for Building a Country? | Living Here

By Si Thu Tun

There are many people from Myanmar in China. Many come to work, in the search for a better life.

In the Chinese capital, Beijing, there are more students than workers from Myanmar. Some students attend universities here in Beijing on scholarship. Others pay for their university education themselves, attracted by the high standard of universities in Beijing. After receiving their degree, some Myanmar students continue on in China thanks to attractive job opportunities.


Myo Myo Hlaing graduated from Peking University, one of the most famous universities in China. She now works at a Chinese state-owned vocational school as a business lecturer and course leader.

The school where she works teaches a curriculum from the UK. When students finish their two-year program here, they continue in the UK for one year and earn a bachelor’s degree. Although there are similar vocational schools in Myanmar, few people know about them.

Myanmar State Counsellor Aung San Suu Kyi said in a recent speech that vocational schools are very important to building a country.

Myo Myo Hlaing worked in Myanmar and Singapore before coming to China. When she gained the opportunity to work in China in 2013, she had only been to China once before. Now, she has been in China for five consecutive years.

Myo Myo Hlaing now lives on campus, in housing arranged by the school authority. She finds life in Beijing very convenient, and her school even offers free breakfast and lunch.

Since she has worked in both Myanmar and Singapore, I asked her about the differences between working in China and Myanmar. She simply replied, “There are differences between working in China and Myanmar. Everything from government mechanisms to education is firm and stable in China. You can achieve your goals as long as you try. When I worked in Myanmar, we were in a transitional period and basic infrastructure was still being built. We had to wait for policies to be updated and be patient, even though we only wanted to push forward. Here there are many challenges, but we can do as much as we can. If we want to face a challenge using our own capabilities, we don’t need to wait for government policy to change.”

Every sector in China is more developed than that of Myanmar. Myo Myo Hlaing added that she hopes Myanmar will reach this level in the future. In China, everyday life is easy and getting easier thanks to excellent transportation and telecommunication.

In Beijing, there are 19 subway lines and further lines are under construction. There are also bus systems and taxi services. In addition, people can choose shared bicycles to travel short distances. There are special lanes for bicycles and e-bikes on all main roads.

One other thing that makes life easy here is the e-payment system. There are two famous applications — WeChat Pay and Alipay. WeChat can be used as a social media app or a payment system for buying things or transferring money. As these payment systems are accepted everywhere from street vendors to large businesses, one doesn’t need to carry a wallet. A smartphone is enough.

When asked what she thinks of her Chinese students, Myo Myo Hlaing replied with a smile.

“All young people in the world are the same,” she said. “They are energetic. They have pride. They have dreams. They have hopes. But young students in China have higher expectations, as their parents have high expectations of them. Children here are more knowledgeable as their parents often send them on overseas trips. They have the incentive to work harder. However, as is the nature of every young person, they are occasionally lazy.”


Currently, there is no cooperation or interaction between the school where Myo Myo Hlaing works and a counterpart in Myanmar. But her students are interested in Myanmar and Thailand and ask her about job opportunities in Myanmar. The Chinese government also welcomes students who come back from overseas study and encourages them to establish their own businesses and become entrepreneurs.

Although Myo Myo Hlaing was born in Magway Division, far from Myanmar’s most developed cities, she went to Yangon and worked there after graduation. Later, she looked for better opportunities and worked overseas. Although she was born and raised in a small town, she has constantly pursued better opportunities.

At the end of the interview, she encouraged young people in Myanmar not to be content in their own place in life, and instead encouraged them to fly higher and further.


Burmese Version

အသက်မွေးမှုပညာကျောင်းတွေက တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ အရေးကြီးပါသလား

တရုတ်နိုင်ငံအနှံ့အပြားမှာ မြန်မာနိုင်ငံသားတွေ အများအပြား နေထိုင်ကြပါတယ်။ အများစုက အလုပ်လာလုပ်ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဘေဂျင်းမှာလည်း မြန်မာနိုင်ငံသားတွေ ရှိကြပါတယ်။

ဘေဂျင်းမှာကတော့ မြန်မာနိုင်ငံကနေ အလုပ်လာလုပ်တဲ့သူတွေထက် ကျောင်းလာတက်သူတွေ ပိုများပါတယ်။ တချို့က စကော်လာရှစ်ရလို့ လာတက်ကြတာဖြစ်ပြီး တချို့ကလည်း ဒီကကျောင်းတွေကို သဘောကျလို့ ကိုယ်ပိုင် ပိုက်ဆံနဲ့ လာတက်ကြပါတယ်။ ကျောင်းပြီးသွားတဲ့အခါ တချို့က တရုတ်နိုင်ငံမှာပဲ ဆက်ပြီး အလုပ်လုပ်ပြီး အတွေ့အကြုံ ယူကြသလို တချို့ကလည်း မြန်မာပြည်ပြန်လာကြတာ ရှိပါတယ်။

မမျိုးမျိုးလှိုင်ဟာ တရုတ်နိုင်ငံမှာ အထင်ရှားဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ပီကင်းတက္ကသိုလ်ကနေ (Pekking University) ဘွဲ့ရခဲ့သူဖြစ်ပြီးအခုအခါမှာ ဘေဂျင်းမှာရှိတဲ့ အစိုးရအသက်မွေးမှုပညာကျောင်း (State owned vocational school) တစ်ခုမှာ ကထိကအနေနဲ့ရော သင်ရိုးရေးဆွဲရေးခေါင်းဆောင် တစ်ဦးအနေနဲ့ပါ တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဒီကျောင်းဟာ ယူကေက ပရိုဂရမ်ကို ယူသင်တာ ဖြစ်ပြီး ဒီမှာပြီးတာနဲ့ ယူကေမှာတစ်နှစ်ကျောင်းသွားတက်ရမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ ရိုးရိုးဘွဲ့ရပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ယူကေကပေးတဲ့ အလားတူကျောင်းမျိုးတွေရှိပေမယ့် အစိုးရပိုင် မဟုတ်ဘဲ ပုဂ္ဂိလိကပိုင်တွေပါပဲ။ မြန်မာနိုင်ငံမှာက vocational school ဟာ ခေတ်မစားသေးဘဲ သာမန် ပြည်သူလူထုကြားမှာလည်း လူသိနည်းနေပါသေးတယ်။

မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းပြည်တည်ဆောက်တဲ့နေရာမှာ Vocational School တွေရဲ့ အရေးပါကြောင်းကို မိန့်ခွန်းတစ်ခုမှာ ထည့်ပြောခဲ့ပါသေးတယ်။ မမျိုးမျိုးလှိုင်ဟာ တရုတ်ကနေ ကျောင်းပြီးတဲ့အချိန်မှာ စင်ကာပူနဲ့ မြန်မာနိုင်ငံမှာလည်း အလုပ်ခဲ့ဖူးသူ ဖြစ်ပြီး နောက်ပိုင်းမှာ တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ အခွင့်အလမ်းပေါ်လာခဲ့လို့ ၂၀၁၃ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ပြန်လည် ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုဆိုရင် တရုတ်မှာနေတာ ၅ နှစ်လောက်ရှိနေပြီဖြစ်ပါတယ်။

အခုလက်ရှိနေတာကတော့ ကျောင်းဝင်းထဲက စီစဉ်ပေးထားတဲ့ အခန်းမှာဖြစ်ပြီး ကျောင်းက မနက်စာနဲ့ နေ့လယ်စာကို စီစဉ်ပေးတဲ့အတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။ အခန်းမှာလည်း အပူအအေး စနစ်အပြင် ပရိဘောဂအပြည့်အစုံနဲ့ စီစဉ်ပေးထားတဲ့အတွက် နေရတာ သက်သောင့်သာရှိတယ်လို့ လည်း သူမက ဆိုပါတယ်။ မြန်မာ၊ တရုတ်နဲ့ စင်ကာပူမှာလုပ်ခဲ့ဖူးတဲ့အတွေ့အကြုံရှိသူဖြစ်တဲ့အတွက် တရုတ်နဲ့ မြန်မာနိုင်ငံအကြား အလုပ်လုပ်ကိုင်ရတဲ့ ကွာခြားချက်ကို မေးတဲ့အခါ မမျိုးမျိုးလှိုင်က သူ့အမြင်ကို အခုလိုပဲ ပြောပါတယ်။

“ကွာခြားချက်ကတော့ တရုတ်မှာက အားလုံးက stable ဖြစ်နေတယ်။ ကိုယ့်ရဲ့ effort ကို ကိုယ်ထုတ်ချင် ထုတ်နိုင်သလောက် ရတယ်။ မြန်မာပြည်မှာကကျတော့ အစ်မ oversea study ပြီးတဲ့အချိန်မှာ လုပ်တုန်းက transition (အသွင်ကူးပြောင်းဆဲကာလ)၊ infrastructure (အခြေခံအဆောက်အအုံ) ကို ပြန်ပြီး တည်ဆောက်နေတဲ့အချိန် ဖြစ်နေတဲ့အခါကျတော့ စောင့်ရတာမျိုးရှိပါတယ်။ ကိုယ်က လုပ်စရာရှိလို့ လုပ်ပေမယ့် စနစ်ကို ပြန်ပြီး စောင့်ရတယ်။ အခြေခံအဆောက်အအုံဆိုလည်း စိတ်ရှည်ရှည်နဲ့ စောင့်ပြီးလုပ်နေရတဲ့အတွက် ကိုယ်က ရှေ့ကို ပြေးချင်ပေမယ့် ပြေးလို့မရတဲ့ အနေအထားမျိုးလေးတွေ ရှိပါတယ်။ ဒီတရုတ်မှာကကျတော့ ကိုယ်သွားရင် သွားနိုင်သလောက်ရတယ်။ challenge (စိန်ခေါ်မှု) တွေလည်း ရှိတယ်။ ဒီလိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်တဲ့အခါမှာလည်း ကိုယ့်ရဲ့ ကိုယ်ပိုင် အစွမ်းအစရှိသလောက် ရင်ဆိုင် လုပ်ကိုင်ခွင့်ရတယ်။”

တရုတ်မှာက ကိုယ့်ရဲ့အစွမ်းအစရှိသလောက် ကြိုးစားခွင့်ရှိပြီး စနစ်ကိုလည်း ပြန်စောင့်နေစရာ မလိုတဲ့အတွက် လုပ်ရတာ အားရပါးရရှိတယ်လို့လည်း မမျိုးမျိုးခိုင်က ပြောပါသေးတယ်။ တရုတ်မှာ အရာရာက တိုးတက်နေတဲ့အတွက် မြန်မာနိုင်ငံနဲ့ ယှဉ်ရင်တော့ အစစအရာရာသာလွန်နေတာကို တွေ့ရတဲ့အတွက် မြန်မာနိုင်ငံကိုလည်း အနာဂတ်မှာ ဒီလိုမျိုးဖြစ်လာဖို့ မျှော်လင့်မိတဲ့အကြောင်းလည်း သူက ဆက်ပြောပါတယ်။ တရုတ်နိုင်ငံမှာ အရာရာက အဆင်ပြေချောမွေ့နေပြီး နေ့စဉ်ဘ၀ကိုလည်း သက်သောင့်သက်သာ အဆင်ပြေပြေနဲ့ ဖြတ်သန်းလို့ရနေကြောင်း သူမရဲအတွေ့အကြုံကို ပြောပါသေးတယ်။ တရုတ်မှာ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး အဆင်ပြေတာကလည်း ဒီလိုနေ့စဉ်ဘ၀ကို ပုံမှန်ထက် လွယ်ကူအဆင်ပြေစေတာဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။

တရုတ်နိုင်ငံမှာ လက်ရှိ မြေအောက်ရထားလိုင်း ၁၉ လိုင်းရှိနေပြီး ဆက်လက် တိုးချဲ့ဆောက်လုပ်နေတဲ့ စီမံကိန်းတွေလည်း ရှိပါတယ်။ လိုင်းကားတွေလည်း ပြေးဆွဲပေးနေပြီး တက္ကစီဝန်ဆောင်မှုတွေလည်း ရှိနေပါတယ်။ ဒီလို ရွေးချယ်စရာတွေအပြင် သယ်ယူပို့ဆောင်ရေးစနစ်ကို ပိုပြီးအားကောင်းအောင် အားဖြည့်လိုက်တာကတော့ shared bike လို့ခေါ်တဲ့ စက်ဘီးအငှားဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ စက်ဘီးတွေနဲ့ Ebike တွေလိုမျိုး ယာဉ်တွေ သွားလာဖို့အတွက်လည်း လမ်းသပ်သပ် ထားပေးထားပါ သေးတယ်။ ဒါကြောင့် ဘေဂျင်းမှာဆိုရင် လူသွားလမ်း၊ စက်ဘီးစီးလမ်း၊ ကားလမ်းနဲ့ ရထားလမ်းဆိုပြီး အခြေခံအားဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက တခြားနိုင်ငံကြီးတွေမှာတောင် မရှိသေးတဲ့ တရုတ်ရဲ့ ငွေပေးချေမှုစနစ်ပါ။ တရုတ်မှာ WeChat နဲ့ Alipay ဆိုတဲ့ နာမည်ကြီး application နှစ်ခုရှိပါတယ်။ WeChat က လူမှုကွန်ယက်အတွက် အသုံးပြုနိုင်သလို ဈေးဝယ်တဲ့အခါ ငွေပေးချေတာမျိုး၊ အချင်းချင်း ငွေလွှဲတာမျိုးတွေ လုပ်နိုင်ပါတယ်။ တရုတ်နိုင်ငံမှာ လမ်းဘေးဈေးသည်ကနေစလို့ လုပ်ငန်းကြီးတွေအထိ ဒီလိုစနစ်နဲ့ ငွေပေးချေတာကို လက်ခံကြတဲ့အတွက် အပြင်ထွက်တဲ့အခါ ငွေအများကြီး ထည့်သွားစရာမလိုဘဲ ဖုန်းတစ်လုံးရှိရင် အားလုံး အဆင်ပြေပါတယ်။ ငွေအများကြီး ထည့်သွားစရာမလိုတဲ့အတွက် ခါးပိုက်နှိုက်ခံရမှာကိုလည်း မစိုးရိမ်ရတော့ပါဘူး။ ဒီလိုအချက်တွေကြောင့် တရုတ်ပြည်မှာ နေထိုင်ရတဲ့နေ့စဉ်ဘ၀ဟာ အဆင်ပြေ ချောမွေ့နေတာပဲ ဖြစ်ပါတယ်။

တရုတ်ကျောင်းသားတွေအပေါ် အမြင်ကို မေးကြည့်တဲ့အခါ သူမက ပြုံးပြုံးရွှင်ရွှင်နဲ့ အခုလို ပြန်ဖြေပါတယ်။

“လူငယ်တွေကတော့ နေရာတိုင်းမှာတော့ တစ်ပုံစံတည်းတွေပါပဲ။ လူငယ်တွေဆိုတော့ energetic ဖြစ်တယ်။ မာန်တွေရှိတယ်၊ အိပ်မက်တွေရှိတယ်၊ မျှော်လင့်ချက်တွေရှိကြတယ်။ တကမ္ဘာလုံးက လူငယ်တွေလည်း ဒီအတိုင်းပဲဖြစ်မယ်လို့ အစ်မထင်ပါတယ်။ ဒါပေမယ့် တရုတ်က ကလေးတွေကကျတော့ သူတို့ရဲ့ expectation က ပိုမြင့်တယ်။ မိဘတွေကလည်း သူတို့အပေါ်မှာ မျှော်လင့်ချက်က ကြီးတယ်။ သူတို့ကိုယ်တိုင်ကလည်း တော်ရုံတန်ရုံလေးကို မရချင်ကြဘူး။ ကြီးကြီးမားမားတွေကို မျှော်မှန်းကြတယ်။ ဒီကကလေးတွေက အမြင်ပိုကျယ်တယ်။ ကျောင်းပိတ်ရက်တွေမှာ မိဘတွေက overseas trip တွေ ခေါ်တယ်လေ။ ပိုပြီးတော့ လုပ်ချင် ကိုင်ချင်စိတ်တွေ ရှိတယ်။ လူငယ်သဘာဝ ပျင်းတဲ့စိတ်ရှိတာကတော့ ရှိတာပေါ့နော်။”

လောလောဆယ်မှာတော့ သူမ စာသင်ပေးနေတဲ့ ကျောင်းနဲ့ မြန်မာနိုင်ငံက ကျောင်းတွေအကြား ဆက်သွယ် ဆောင်ရွက်မှုမရှိသေးပေမယ့် ဒီကျောင်းက သူမရဲ့ တပည့်တွေကတော့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ လုပ်ငန်းတွေ လုပ်ကိုင်ဖို့ စိတ်ဝင်စားပြီး မေးမြန်းကြတယ်လို့ ဆိုပါတယ်။ တရုတ်အစိုးရကလည်း ပြည်ပမှာ ပညာသင်ပြီးပြန်လာတဲ့ ကျောင်းသားတွေကို လက်ခံကြိုဆိုပြီး ကိုယ်ပိုင်လုပ်ငန်းတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်လာအောင် အားပေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

မကွေးတိုင်းဇာတိဖြစ်တဲ့ မမျိုးမျိုးလှိုင်ဟာ နယ်မှာ မွေးခဲ့သူဖြစ်ပေမယ့် ကျောင်းပြီးတဲ့အချိန်မှာ ရန်ကုန်ကို တက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်း ပြည်ပကိုထွက်ပြီး ကျောင်းတက်ပြီးတဲ့နောက် ပြည်ပအလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေခဲ့သူ ဖြစ်ပါတယ်။ သူမဟာ နယ်မှာမွေးပြီး နယ်မှာပဲ ကြီးပြင်းခဲ့ပေမယ့် နယ်မှာပဲ ဘ၀ကို အဆုံးမသတ်ချင်တဲ့စိတ်နဲ့ အခွင့်အလမ်းတွေကို ရှာဖွေရင်းနဲ့ အခုလို ဖြစ်လာခဲ့တာလို့လည်း သူမက ပြောပါတယ်။ ဒါကြောင့်မို့ လူငယ်တွေကိုလည်း ရှိနေတဲ့ နေရာလေးမှာ ရောင့်ရဲမနေကြဘဲ ကိုယ့်အစွမ်းအစရှိသလောက် ကိုယ့်တောင်ပံကို ဖြန့်ပြီး ရောက်နိုင်သလောက် ဝေးဝေးပြေး မြင့်မြင့်ကြဖို့ မမျိုးမျိုးလှိုင်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in: Logo

You are commenting using your account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s