Zaw Ye Aung: 10 Months in China | Living Here

By Si Thu Tun

IMG_20170908_225545_211

I recently sat down for an interview with Mr. Zaw Ye Aung, who lived in China for 10 months before returning to Myanmar last year.

Zaw Ye Aung is a senior producer at current affairs channel Sky Net, which is one of Myanmar’s most successful TV stations.

He recalled that his opinion towards China changed dramatically after living in China.

Zaw Ye Aung first arrived in China in 2013 on an excursion trip to Beijing, Anhui, Shanghai and Yunnan provinces. In total, he has been to China five times.

“I’ve had amazing experiences and unforgettable memories. It was the best chance for me to learn about China. I still can’t believe I was lucky enough to receive this kind of opportunity. Although I lived in China for 10 months, I felt the time flew by,” Zaw Ye Aung said.

Zaw Ye Aung added that he is learning why China is becoming a world power. He said he is impressed by everything he has learned about China.

QQ图片20180110154129

When asked about the role of Chinese media, Zaw Ye Aung enthusiastically replied: “China’s media is very wide-ranging, powerful, modern and reliable. They are trying to extend relationships with international media sources. They keep modernizing information technology. For us, our country’s media remains backward. We need to learn more. We need to cooperate more.”

Zaw Ye Aung has been to 20 Chinese provinces and municipalities, and even to a Chinese special administrative region, Macau. He has personally experienced the development of the provinces and the region. Each province has developed in its own way.

“During each trip to the provinces, I learned different customs and traditions,”  Zaw Ye Aung said. “I saw companies and industries in every province.”

When he was asked which province is his favorite, Zaw Ye Aung replied: “It is hard to answer that. I like all the provinces I’ve been to. Currently I want to go to Gansu province as I want to know what the desert in that province looks like during winter.”

Other parts of China appeal to Zaw Ye Aung as well.

qqe59bbee7898720180110154059.jpg

“Hainan has the most beautiful beach in Asia and is a wonderful tourist attraction,” he said. “Tianjin has key ports and a free trade zone for the Belt and Road Initiative. It is the fastest developing city. Jinggangshan City is famous not for having tall buildings or factories but for conservation of its environment. Anhui is a key place for technology companies and fast growing technologies. It is also home to the Huangshan Mountain (Yellow Mountain) range, which is included on the UN’s list of World Heritage Sites. Sichuan is the home of pandas. It has 80 percent of world’s panda population. It’s also famous for local foods and Sichuan opera. Hubei is home to the largest dam in the world, the Three Gorges. While living in China, the only thing that made me feel like a foreigner was the language barrier. Everything in the country is developing smoothly, not just for the local people but for foreigners as well. I think it’s because of modern technology.”

WeChat is one of China’s most successful technologies. If you have a WeChat account in China, everything can be done on your phone, such as ordering food, shopping online, booking train and airline tickets and transferring money. There is even a shared bike system that is now commonplace across China. People can simply unlock and use shared bikes by tapping an application on their mobile phone. Apart from shared bike systems, there are shared umbrella systems and shared power bank systems as well. Public transportation and taxis are also extremely reliable.

“China is like a second home to me,” Zaw Ye Aung added.

 

Burmese Version:

တရုတ်နိုင်ငံကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးသူ၊ နောက်ဆုံးအကြိမ် တရုတ်မှာ ၁၀ လနေခဲ့ပြီး မကြာသေးခင်ကမှ မြန်မာပြည် ပြန်သွားတဲ့ ကိုဇော်ရဲအောင်ကို ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

ကိုဇော်ရဲအောင်ဟာ လက်ရှိအချိန်မှာ မြန်မာနိုင်ငံက အအောင်မြင်ဆုံး ရုပ်သံလိုင်းကြီးတစ်ခုဖြစ်တဲ့ Sky Net ရုပ်သံလိုင်း၊ Up to Date channel မှာ စီနီယာပရိုဂျူဆာ (Senior Producer) အနေနဲ့ Program production အပိုင်းကို တာဝန်ယူထားတာ ဖြစ်ပါတယ်။

သူက တရုတ်နိုင်ငံကို ရောက်ပြီးမှ တရုတ်နိုင်ငံအကြောင်းပိုသိလာပြီး တရုတ်နိုင်ငံအပေါ် အမြင်တွေလည်း တော်တော် ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်ကိုပထမဆုံးအကြိမ်ရောက်တာ ၂၀၁၃ ခုနှစ်လောက်ကဖြစ်ပြီး ပြည်နယ်လေ့လာရေးအနေနဲ့ ဘေဂျင်း၊ အန်ဟွေး၊ ရှန်ဟိုင်းနဲ့ ယူနန်တို့ကို ရောက်ခဲ့တယ်လို့ သူက ဆိုပါတယ်။ အခုနောက်ဆုံးတစ်ခေါက်နဲ့ဆို တရုတ်ကိုရောက်တာ ငါးကြိမ်လောက်ရှိနေပြီဖြစ်ပြီး ဒီတစ်ခေါက်က အကြာဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“အကောင်းဆုံး အတွေ့အကြုံတွေ၊ မေ့မရတဲ့ အမှတ်တရတွေ တရုတ်နိုင်ငံအကြောင်း အကောင်းဆုံး လေ့လာခွင့်ရခဲ့တဲ့ အခွင့်အရေးတစ်ခုပဲ၊ အခုထိကို မယုံနိုင်သေးဘူး၊ တရုတ်မှာ ဆယ်လကြာနေခဲ့တယ်ဆိုတယ်ဆိုပေမယ့် အချိန်တွေကုန်တာ အရမ်းမြန်တယ်လို့ ခံစားရတယ်” လို့လည်း ကိုဇော်ရဲအောင်က ပြောပါတယ်။

တရုတ်ကိုရောက်တော့မှ အမြင်တွေ အကုန်ပြောင်းသွားခဲ့ပြီး အခုနောက်ဆုံးတစ်ခေါက်ကတော့ တရုတ်နိုင်ငံအကြောင်းကို နားလည်ဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့တယ်လို့ သူက ဆိုပါတယ်။ တရုတ်နိုင်ငံ ဘာကြောင့် အင်အားကြီးနိုင်ငံ ဖြစ်လာတယ်ဆိုတာကို အားလုံးမဟုတ်ရင်တောင် တော်တော်လေး နားလည်လာခဲ့ပြီး အရာရာက အထင်ကြီး လေးစားစရာတွေ ဖြစ်နေတယ်လို့လည်း ကိုဇော်ရဲအောင်က ပြောပါသေးတယ်။

ဆက်လက်ပြီး တရုတ်နိုင်ငံရဲ့ မီဒီယာအခန်းကဏ္ဍကို မေးမြန်းတဲ့အခါ “တရုတ်နိုင်ငံရဲ့ မီဒီယာ အခန်းကဏ္ဍက အရမ်းကို ကျယ်ပြန့်လွန်းတယ်၊ အင်အားလည်း ကြီးတယ်၊ ခေတ်မှီတယ်၊ ယုံကြည်လို့ရတဲ့ ရာခိုင်နှုန်းမြင့်တယ် .. နိုင်ငံတကာနဲ့ ပူးပေါင်းမှု ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် ကြိုးစားနေကြတာ .. အချိန်နဲ့ အမျှလည်း နည်းပညာအခန်းကဏ္ဍကို အကောင်းဆုံး အသုံးချနိုင်အောင်ကြိုးစားနေကြတာ .. ကျနော်တို့နိုင်ငံ မီဒီယာ အနေအထားနဲ့တော့ တော်တော်လေး အလှမ်းကွာဝေးနေပါသေးတယ် .. ကျနော်တို့ သင်ယူရဦးမယ် .. ပူးပေါင်းဆောင်ရွက်မှု  တွေလဲ လုပ်ဖို့လိုအပ်ပါတယ်” ဆိုပြီး သူက စိတ်အားထက်သန်မှုအပြည့်နဲ့ ပြောပါတယ်။

ကိုဇော်ရဲအောင်ဟာ တရုတ်နိုင်ငံမှာ ပြည်နယ်ပေါင်း ၂၃ ပြည်နယ်ရှိတဲ့အထဲက ပြည်နယ် ၂၀ လောက်ကို ရောက်ရှိခဲ့ပြီးပြီ ဖြစ်ပြီး မကာအိုလို အထူးအုပ်ချုပ်ခွင့်ရဒေသလည်း ရောက်ခဲ့သူဖြစ်ပါတယ်။ သူရောက်ခဲ့သမျှ ပြည်နယ်တိုင်း တိုးတက်နေတာကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဖြစ်ပါတယ်။ ပြည်နယ်တိုင်းက ဘေဂျင်းနဲ့ ရှန်ဟိုင်းရဲ့ တိုးတက်မှုကို မမီတာတောင် သူ့နည်းသူ့ဟန်နဲ့ တိုးတက်နေကြတယ်လို့ သူက ဆိုပါတယ်။

“ပြည်နယ်တိုင်းမှာ မတူညီတဲ့ ဓလေ့၊ ရိုးရာထုံးတမ်းစဉ်လာတွေ  လေ့လာသိရှိခဲ့ရတယ်။ ကုမ္ပဏီတွေ စက်ရုံတွေကလဲ ပြည်နယ်တိုင်းမှာရှိနေတယ်၊ … နောက်တစ်ခါထပ်ရောက်ဖို့တောင် မသေချာတော့တာတွေ …. အဲဒီလိုနေရာတွေကိုလည်း ရောက်ခဲ့ရတယ်။” လို့ ကိုဇော်ရဲအောင်က ပြောပါတယ်။

သူက ဆက်ပြောပါသေးတယ်။ “ဟိုင်နန်ကတော့ အာရှရဲ့အလှဆုံးကမ်းခြေကို ပိုင်ဆိုင်ထားတယ်။ ကမ္ဘာလှည့်ခရီးသွားတွေကို အများဆုံးဆွဲဆောင်ထားနိုင်တယ်။ တီယန်ကျင်းကတော့  Belt & Road စီမံကိန်းအတွက် အဓိကအရေးပါတဲ့ ဆိပ်ကမ်းတွေနဲ့ free trade zone တွေရှိတယ်။ တိုးတက်မှုအမြန်ဆုံးမြို့လို့လည်း ပြောလို့ရတယ်။ Jinggangshan မြို့ကတော့ အထပ်မြင့်အဆောက်အအုံတွေနဲ့ စက်ရုံတွေမရှိဘဲ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့မြို့ဆိုပြီး ကျော်ကြားတယ်။ အန်းဟွေကတော့ နည်းပညာမြို့တော်ပေါ့ဗျာ။ နည်းပညာကုမဏီတွေရှိတယ်၊ နည်းပညာတွေကလည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက်နေတယ်။ နောက်ပြီး တောင်တန်းဝါလို့ နာမည်ကျော်တဲ့ Huangshan Mountain တောင်တန်းလည်း ရှိတယ်။ ဒီတောင်တန်းက ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ၀င်ပါတယ်။ စီချွမ်းကတော့ အများသိတဲ့အတိုင်း ပန်ဒါဝက်ဝံတွေ ရှိတဲ့ဒေသပေါ့။ ကမ္ဘာ့ပန်ဒါအရေအတွက်ရဲ့ ၈၀ ရာခိုင်နှုန်း စီချွမ်းမှာ ရှိပါတယ်။ နောက်ပြီး စီချွမ်းက ပြိုင်ဘက်ကင်း ဒေသအစားအစာတွေနဲ့ စီချွမ်းအော်ပရာကလည်း နာမည်ကျော်ပါတယ်။ ဟူဘေးကတော့ ကမ္ဘာ့အကြီးဆုံး Three Gorges ရေကာတာကြီး ရှိပါတယ်”

တရုတ်နိုင်ငံကို တော်တော်နှံ့ခဲ့တာမို့ သွားခဲ့သမျှပြည်နယ်တွေထဲမှာ ဘယ်ပြည်နယ်ကို အကြိုက်ဆုံးလဲလို့ မေးတဲ့အခါ သူက အကြိုက်ဆုံးကို ပြောရခက်တယ်လို့ ဖြေပါတယ်။ လောလောဆယ်တော့ သဲကန္တာရမှာ ဆောင်းရာသီဘယ်လိုရှိမလဲ မြင်ဖူးချင်လို့ Gansu ပြည်နယ်ကို ပြန်သွားချင်နေတယ်လို့ ပြောပါတယ်။

“တရုတ်နိုင်ငံမှာ ကာလရှည်နေထိုင်ခဲ့ရတဲ့ ကာလမှာ ကိုယ့်ကိုယ်ကိုယ် နိုင်ငံခြားသား လို့ ခံစားမိတာ ဘာသာ စကားပဲ ရှိတယ်၊ .. ကျန်တာအားလုံးက တရုတ်နိုင်ငံသားအတွက်တောင်မဟုတ်ပဲ တစ်ခြားနိုင်ငံသားတွေအတွက်ပါ အရာရာ အဆင်ပြေချောမွေ့အောင် နည်းပညာတိုးတက်မှုက ကူညီပေးနေသလိုပဲ၊ ပြောမယ်ဆို WeChat ပေါ့ဗျာ။ တရုတ်မှာ WeChat ရှိရင် အားလုံးအဆင်ပြေပြီလို့ ပြောလို့ရတယ်”ဆိုပြီး သူက ဖြည့်စွက်ပြောပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s