Si Thu: Bike Sharing Systems in China | Through The Lens

By Si Thu Tun

Mobile-China-bike-sharing-app-photo-3

I have to admit that one of my favorite things about China is its shared bike system.

Just a few weeks after I arrived in China, I discovered the advantages of shared bikes.

Having plenty of shared bikes on the streets is extremely convenient.

The type of bicycles that can be found almost everywhere in Beijing are Ofo and Mobike shared bicycles.

QQ图片20171221164620

The very first shared bike systems were started in Europe. Later, bike sharing systems became popular after security systems in bikes incorporated modern technology.

This system is different from rental bike systems. Rental bikes can be hired at a specific shop or place with a specified rental fee.

After using a rental bike, you need to return it to the place from which you initially rented it. Rental bike systems are very similar to e-bikes and other bicycle systems available in the ancient city of Bagan in Myanmar.

But for shared bike systems, users don’t need to go to specific shops to hire a bike. And after using it, they can park it at any designated parking area, from which point on the bike becomes available to other users. If you want to use a shared bike, you just need to open the app in your phone and scan the QR code attached to the bike to unlock it. The required fee will pop up on your phone after you are finished using it. Fees are extremely cheap, requiring only 1 yuan (US$0.15) per hour.

Mobike uses airless tires for its bikes. It has also set up some rules and regulations for use of its bikes.

AAEAAQAAAAAAAAjDAAAAJDZmYjFhYjhjLTMyZmEtNDdkYi1hMTg0LTg0MzQ3M2Y3YmQ3Nw

Shared bikes first appeared in Beijing in 2007. At that time, first generation rental bikes were available for free. However, the service encountered a myriad of problems and has since been discontinued.

In 2014, a group of Peking University students created the Ofo bike sharing company and introduced a new type of bicycle which uses modern technology for security. At first, the system was only available on the university’s campus.

The popularity of shared bikes in Beijing began at the end of 2016 when there were 200,000 bikes available in the city. But by the end of 2017 the numbers of bikes increased to over 2 million. Although there are 15 different bike sharing companies, Ofo and Mobike are the two largest by far. The third largest company, Bluegogo, went bankrupt in November 2017.

OfO founder Dai Wei has said he is currently focusing on expansion of the Ofo service rather than turning a profit. Now, Chinese bike sharing companies are expanding to overseas markets in Europe and the United States.

QQ图片20171221164631

The success of Chinese bike sharing companies is incredible. One of the reasons they have gained such remarkable success in a relatively short period of time is that they implement China’s advanced mobile payment technology.

Singapore is also beginning to implement bike sharing systems. In the future, I hope such a system can come to Mandalay, Myanmar’s ancient capital and one of its most famous tourist destinations.

 

Burmese Version:

တရုတ်မှာအကြိုက်ဆုံးအရာကို ပြောပါဆိုရင် ငှားစီးလို့ရတဲ့စက်ဘီး ရှိတာပါပဲ။

ရောက်စက မသိသာပေမယ့် နောက်ပိုင်းမှာ ဒီစက်ဘီးရှိခြင်းရဲ့ ကောင်းကျိုးတွေကို သိလာပါတယ်။

နေရာတိုင်း လက်ညှိုးထိုးမလွဲရှိနေတဲ့ စက်ဘီးတွေကြောင့်လည်း အဆင်ပြေတာထက်ကို ပိုနေပါတယ်။

ဘေဂျင်းမှာ အများဆုံးတွေ့ရတာက OfO နဲ့ Mobike ပါပဲ။

ဒီလိုမျိုးစက်ဘီးစနစ် စပြီးပေါ်လာတာက ဥရောပမှာပါ။ နောက်ပိုင်း နည်းပညာတွေတိုးတက်လာပြီး လုံခြုံရေးစနစ်တွေ နိုင်နင်းလာတော့ ဒီစနစ်လည်း ပိုပြီး တွင်ကျယ်လာပါတယ်။ ဒါပေမယ့် ဒီစနစ်က ငှားစီးတဲ့ စက်ဘီး (rental bike) နဲ့ သဘောတရားချင်း မတူပါဘူး။ rental bike တွေက သီးသန့်ဆိုင် တစ်ဆိုင်မှာ အခကြေးငွေပေးပြီး ငှားရတာပါ။ ပြီးရင် ပြန်သွားအပ်ပေါ့။ ပုဂံက ငှားစီးလို့ရတဲ့ စက်ဘီးနဲ့ e-bike တွေလို ပုံစံမျိုးပါ။ အခုက shared bike လို့ခေါ်ပါတယ်။ သီးသန့်ဆိုင်မှာ သွားငှားနေစရာ မလိုသလို ကိုယ်စီးပြီးတဲ့အခါမှာလည်း နောက်လူတစ်ယောက် စီးလို့ရမယ့်နေရာမျိုးမှာ ရပ်ထားခဲ့လို့ရပါတယ်။ parking area တွေလည်း အများကြီးရှိတဲ့အတွက် သင့်လျော်သလို ပြန်ရပ်ထားခဲ့လို့ ရပါတယ်။

စက်ဘီးကို သော့ဖွင့်ချင်တဲ့အခါ ဖုန်းထဲမှာထည့်ထားတဲ့ စက်ဘီးရဲ့ app ကနေတစ်ဆင့် စက်ဘီးမှာပါတဲ့ QR code ကို scan ဖတ်ပေးရုံပါပဲ။ သူ့အလိုလို သော့ပွင့်ပြီး နာရီကို စမှတ်ပါလိမ့်မယ်။ အသုံးပြုပြီးတဲ့အခါ သော့ခတ်လိုက်တာနဲ့ နာရီလည်းရပ်သွားပြီး ကျသင့်ငွေ ပေါ်လာပါလိမ့်မယ်။ ဖုန်းထဲမှာရှိတဲ့ online payment စနစ်တစ်ခုခုနဲ့ ငွေပေးချေလိုက်ရုံပါပဲ။ တစ်နာရီစီးမှ တရုတ်ငွေ ၁ ယွမ် (မြန်မာငွေ ၂၀၀) ပဲ ကျသင့်တာက တော်တော့်ကို တန်ပါတယ်။

Mobike ရဲ့ စက်ဘီး ဘီးစနစ်က လေထိုးစရာမလိုတဲ့ ဘီးအမျိုးအစားကို သုံးထားတာပါ။ သူကတော့ စည်းကမ်းသတ်မှတ်ချက်လေးတွေ နည်းနည်းပါးပါး ရှိပါတယ်။

ဘေဂျင်းမှာ ၂၀၀၇ ခုနှစ်က ပထမဆုံး ဒီစက်ဘီးစနစ် ရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီတုန်းက first generation လို့ခေါ်တဲ့ အခမဲ့စက်ဘီးတွေပါ။ နောက်ပိုင်းတော့ ပြဿနာ အမျိုးမျိုးကြောင့် ရပ်လိုက်ရပါတယ်။

၂၀၁၄ ခုနှစ်ရောက်တော့မှ ပီကင်းတက္ကသိုလ်က ကျောင်းသားတွေက OfO ဆိုတဲ့ ကုမဏီတစ်ခုကို ဖန်တီးပြီး 4th generation စက်ဘီးတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အဲဒီတုန်းကတော့ ကျောင်းဝင်းထဲမှာ စီးဖို့အတွက်ပါပဲ။ ဘေဂျင်းမြို့ထဲမှာ ဒီလို shared bike တွေ စပြီး ခေတ်စားလာတာ သိပ်မကြာသေးပါဘူး။ ၂၀၁၇ ခု နှစ်စပိုင်းမှ စပြီး တွင်ကျယ်လာတာပါ။ အဲဒီတုန်းက shared bike အစီးရေ ၂ သိန်းလောက်ပဲ ရှိပေမယ့် နှစ်ကုန်ပိုင်းမှာ အစီးရေ ၂ သန်းကျော် ဖြစ်သွားပါတယ်။ စက်ဘီးကုမဏီ ၁၅ ခုလောက်ရှိပေမယ့် အကြီးဆုံးကတော့ OfO နဲ့ Mobike ပါပဲ။ တတိယ အကြီးဆုံးဖြစ်တဲ့ bluegogo ကတော့ ဒီနှစ်ကုန်ခါနီးမှာပဲ လုပ်ငန်းရပ်သွားပြီလို့ သိရပါတယ်။

တရုတ်ရဲ့ တခြားမြို့တော်တော်များများမှာလည်း OfO နဲ့ Mobike အပြင် တခြားအသေးစား shared bike ကုမဏီတွေ ရှိပါသေးတယ်။ OfO founder ကလည်း သူက အကျိုးအမြတ်ထက် ဒီစနစ်ချဲ့ထွင်ဖို့ကို ပိုအလေးထားတယ်လို့ ဆိုထားပါတယ်။ အခုဆိုရင် တရုတ်စက်ဘီးကုမဏီတွေက တရုတ်နိုင်ငံအပြင် ဥရောပနဲ့ အမေရိကဈေးကွက်အထိ ထိုးဖောက်နေကြပါပြီ။

တရုတ်ရဲ့ shared bike အောင်မြင်မှုကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။ ဒီလိုအသုံးပြုသူများလာတာကလည်း သုံးစွဲသူကို အဆင်ပြေအောင် လုပ်ပေးထားတာကြောင့်လို့ ယူဆပါတယ်။ အဓိကကတော့ ဖုန်းကိုသုံးပြီး အွန်လိုင်းကနေတစ်ဆင့် ငွေပေးလို့ရတာပါပဲ။

စင်ကာပူမှာလည်း ဒီစနစ်လုပ်နေပါပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း မန္တလေးလိုနေရာမျိုးတွေမှာ ဒီလိုအငှားစက်ဘီးစနစ် တွင်တွင်ကျယ်ကျယ်ဖြစ်လာရင် ကောင်းမယ်လို့ တွေးမိပါတယ်။ မန္တလေးကို သွားလည်တုန်းက မိတ်ဆွေတစ်ယောက်က ဆိုင်ကယ်ငှားလို့သာ တစ်နေကုန် လည်ချင်တဲ့နေရာ လျှောက်လည်လို့ အဆင်ပြေတာပါ။ မန္တလေးအပြင် မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာလည်း ငှားစီးလို့ရတဲ့ စက်ဘီးစနစ်ရှိရင် ပိုကောင်းမလားလို့ စိတ်ကူးယဉ်မိပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s